Thursday, February 26, 2015

An email from Gmail to the people of Myanmar

ဟုတ်ပါတယ်၊ အခုအင်္ဂလိပ်လိုဖြစ်နေတယ်။ တစ်ချက်လောက် Page ကို ဆွဲချကြည့်လိုက်ပါ။ မြန်မာလိုပဲ ပြောပါ့မယ်လို့ ကိုယ်ကတိပေးပါတယ်။

---

To: ThePeopleofMyanmar@gmail.com
From: Gmail@gmail.com
Subject: မင်္ဂလာပါ

Hi Myanmar,

This is Gmail.

I just wanted to let you know that I can finally speak the language of the Golden Land. If you head up to the settings button in Gmail you’ll be able to select the Myanmar language from the drop down menu. Once you turn it on, you’ll be saying မင်္ဂလာပါ to your friends in no time.
As someone who speaks 74 languages, I always enjoy the challenge of learning a new one. But let me tell you, getting my fonts around Myanmar's gracious script and penchant for connecting words was a whole new ball game.

One of reasons I’ve been able to learn as many languages as I have, is that I’m a big supporter of open standards, so Gmail is optimized for UNICODE fonts like Myanmar 3, Padauk and Tharlon. And because there are a couple of different ways you can type Myanmar, there are two virtual keyboards to choose from when typing in Gmail— this is super handy for emails on the go from your mobile.
With so many people in Myanmar coming online for the first time, it’s important that everybody can access information that’s relevant and useful. What good is the web if if you can’t understand anything on there, right?! So, since launching google.com.mm back in 2013, the folks at Google have been working to bring more products to the Golden Land.

You may have seen that Google Translate launched in Myanmar a few months back. It’s still in alpha, which means it’s not perfect, but we’re working hard to make it better.  Because our translation system learns from data on the web, the best way to improve the quality of translations is to get more translated content online.

That's where you come in.

If you speak Myanmar and would like to see better translations on the web here are a few things you can do:
  • When you spot a translation that you’d like to edit, click the "Improve this translation" pencil icon and click "Contribute" to submit your suggestion to us.
  • Join the Translate Community and you can make new translations and validate existing ones.
  • Or if you’re in Yangon on Saturday with a few hours to spare, join us for Myanmar’s first translate-a-thon hosted by Google. The ‘Love Your Language’ translate-a-thon is an event where you can use your language expertise to help improve the quality of Myanmar translations online for millions of Myanmar people, at home and abroad.

Well, that’s all the news from me. Better get back to practicing my မြန်မာ. I hope you like using Gmail in Myanmar!

တာ့တာဘိုင်ဘိုင်
Gmail

---

မင်္ဂလာပါ မြန်မာ၊


ကိုယ်ကတော့ Gmail ပါ။ ကိုယ်မြန်မာလိုပြောတတ်ပြီလို့ မိတ်ဆွေတို့ကို သတင်းကောင်းပါးချင်လို့ပါ။


မိတ်ဆွေတို့ရဲ့ Gmail ထဲက Setting ကိုဝင် Menu ကျလာရင် မြန်မာဘာသာ (Myanmar Language (Burmese)) ကို ရွေးလိုက်ရုံနဲ့ မိတ်ဆွေတို့ရဲ့ သူငယ်ချင်းတွေကို “မင်္ဂလာပါ” လို့ အချိန်တိုတိုအတွင်းမှာ နှုတ်ခွန်းဆက်လို့ ရနေပါပြီ။

ကိုယ်က ဘာသာစကား (၇၄)မျိုးကို ပြောဆိုနိုင်တဲ့သူတစ်ယောက်ဖြစ်လို့ အသစ်အသစ်တွေကို လေ့လာဖို့ အချိန်မရွေးပါပဲ။ ဒါပေမဲ့ ကိုယ်တစ်ခုပြောချင်တာက ကျက်သရေ ရှိလှတဲ့ မြန်မာစာလုံးအချိုးအဆစ်ကို ကိုယ်ရဲ့ Font အရေးအသားနဲ့ လှပအောင် လုပ်ဆောင်ရတာ တကယ့်ကို စိတ်ခေါ်မှုအသစ်တစ်ခုပါပဲ။


ဘာသာစကားတွေကို သိတာထက် တတ်နိုင်သလောက် များများပိုသိအောင် လေ့လာနေရတဲ့ ကိုယ့်ရဲ့ရည်ရွယ်ချက်တစ်ခုကတော့ ရွေးချယ်မှုများများရရှိနိုင်ဖို့ကို အားပေးတဲ့သူ ဖြစ်လို့ပါပဲ။ အခုဆိုရင် Gmail ကိုလည်း Unicode Font အမျိုးအစားတွေ ဖြစ်တဲ့ Myanmar3၊ Padauk နဲ့ Tharlon တို့ထဲက မိတ်ဆွေတို့  စိတ်ကြိုက်တစ်ခုကို ရွေးချယ် အသုံးပြုနိုင်ပါပြီ။ ဒါ့အပြင် မြန်မာလက်ကွက်မတူညီကြတဲ့အတွက် Mobile Phone နဲ့ အသုံးပြုတဲ့အခါ လွယ်ကူစေဖို့ Screen လက်ကွက်(၂)မျိုးကိုလည်း ရွေးချယ် အသုံးပြုနိုင်အောင် Gmail မှာထည့်ပေးထားပါတယ်။


အင်တာနက်ကို အခုမှစတင်သုံးစွဲသူမိတ်ဆွေတို့အနေနဲ့လည်း မိမိတို့နဲ့ သက်ဆိုင်ပြီး အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကို လွယ်ကူစွာရရှိနိုင်ဖို့ အရေးကြီးပါတယ်။ တကယ်လို့ မိတ်ဆွေတို့ နားမလည်တဲ့အသုံးအနှုန်းတွေများနေရင် Website တွေ ဝင်ကြည့်ပြီး ဖတ်ရတာ ကောင်းတယ် မကောင်းဘူးလို့ ဘယ်လိုပြောမလဲ၊ ဟုတ်တယ် မလား။ ဒါကြောင့် google.com.mm ကို စတင်ခဲ့တဲ့ (၂၀၁၃)ခုနှစ်ကစပြီး Google မှ ဝန်ထမ်းတွေက Google နဲ့ ဆိုင်တဲ့ Product တွေကို မြန်မာပြည်အတွက် ကြိုးစားထုတ်လုပ်လျှက်ရှိပါတယ်။

Google Translate ကို မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ လအနည်းငယ်က စတင်မိတ်ဆက်လိုက်တာ မိတ်ဆွေတို့လည်း သတိထားမိမှာပါ။ Google Translate ဟာ မြန်မာဘာသာ စကားနဲ့ ပတ်သတ်ပြီး “ကကြီး၊ ခကွေး” အဆင့်သာ ဖြစ်နေသေးတဲ့အတွက် ပိုမို ကောင်းမွန်အောင် အစွမ်းကုန်ကြိုးစားပေးနေပါတယ်။ ကိုယ်တို့ရဲ့ ဘာသာပြန် စနစ်ဟာ Website တွေမှာရှိတဲ့ အကြောင်းအရာတွေကို အခြေခံပြီး ဘာသာပြန်ဆိုရတာမို့လို့ မြန်မာဘာသာပြန်ဆိုမှု အရည်အသွေး ပိုမိုတိုးတက်လာနိုင်ဖို့အတွက် မြန်မာဘာသာပြန်ထားသော အကြောင်းအရာများများ online ပေါ်သို့ရောက်နေဖို့ လိုအပ်ပါတယ်။


ဒီနေရာမှာ မိတ်ဆွေတို့ အကူအညီ လိုအပ်လာပါပြီ။ Website တွေထဲမှာ မြန်မာလိုဘာသာပြန်ဆိုကြည့်ရှုတဲ့အခါ ပိုမိုတိကျမှန်ကန်တဲ့ ဘာသာပြန်ဆိုမှု ရရှိဖို့အတွက် အောက်ပါအချက်အလက်အတိုင်း မိတ်ဆွေတို့ ပါဝင်ကူညီ နိုင်ပါတယ်။


• မြန်မာဘာသာပြန်ကို မိတ်ဆွေတို့ ပြင်ဆင်လိုပါက ခဲတံပုံ သင်္ကေတ (Pencil Icon) ကို  နှိပ်ပြီး "Improve this translation" ကို ရွေးချယ်၊ "Contribute" ကို နှိပ်၍ မိတ်ဆွေတို့ အကြံပြုနိုင်ပါတယ်။


• ဘာသာပြန်ဆိုမှုအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်ပြီး  ဘာသာပြန်ဆိုမှုအသစ်များနဲ့ ရှိပြီးသား ဘာသာပြန်ဆိုမှုများကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်ပါတယ်။


• မိတ်ဆွေတို့အချိန်ပေးနိုင်ရင် လာမယ့်စနေနေ့၊ ရန်ကုန်မှာပထမဦးဆုံးကျင်းပမယ့် Google ရဲ့ "Love your language" Translate-a-thon ပွဲကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ အဲ့ဒီပွဲဟာ Internet ပေါ်ရှိ မြန်မာဘာသာပြန်အရည်အသွေး ပိုမိုတိုးတက်အောင်  ပြုလုပ်ပေးနိုင်မယ့် ပွဲတစ်ခုပဲဖြစ်ပါတယ်။


ကဲ ကိုယ့်ဆီက သတင်းကောင်းကတော့ ဒါပါပဲ။ အခုတော့ ကိုယ်မြန်မာစာ ပြေးလေ့လာလိုက်ဦးမယ်။ Gmail ကို မြန်မာလို အသုံးပြုရလို့ မိတ်ဆွေတို့ ကျေနပ်မယ်လို့ ကိုယ်မျှော်လင့်ပါတယ်။


တာ့တာ ဘိုင့်ဘိုင်

Gmail

2 comments:

  1. ရှမ်းလိုကော လုပ်ပေးဖို့ အစီအစဉ်မရှိသေးဘူးလား။

    ReplyDelete